နမ္မတူ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ရွှေမြင်သာကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများ၊ သိလရှင်များနှင့် အမှတ်-၁ အခြေခံပညာအလယ်တန်းကျောင်း စောင့်ကြည့် စခန်းရှိ စောင့်ကြည့်ထားရှိသူများအား ဓါခွဲနမူနာရယူ၍ ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပန်ဟိုက်ရပ်ကွက် (၁) ရွှေမြင်သာကျောင်းတိုက်ရှိ ရဟန်း ၅ပါး၊ သာမဏေ ၃၈ပါးနှင့် သီလရှင် ၃ပါးအားလည်းကောင်း၊ နမ္မတူရပ်ကွက် (၃) အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း စောင့်ကြည့်စခန်းရှိ စောင့်ကြည့်ထားရှိသူ ၆ဦးနှင့် Home Quarantine ထားရှိသူ (၁၁)ဦး တို့အား ဓါတ်ခွဲနမူနာရယူ၍ ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ PCR နည်းဖြင့် လားရှိုး တပ်မတော်ဆေးရုံသို့ပေးပို့ စစ်ဆေးပေး မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ရောဂါကူးစက်ခံရမှု မရှိစေရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် PCR နည်းဖြင့် ကိုဗစ်ပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း နမ္မတူမြို့နယ် ပန်ရပ်ရပ်ကွက်ရှိ မြို့တော်ခန်းမစုရပ်၌လည်းကောင်း၊ နမ္မတူရပ်ကွက်ရှိ အမှတ်-၁ အခြေခံပညာ အထက်တန်းစုရပ်၌ လည်းကောင်း၊ Home Quarantine ဆောင်ရွက်ထားသည့်နေရာများသို့ လည်းကောင်း၊ အမှတ် (၂)အခြေခံပညာအလယ်တန်းကျောင်း စောင့်ကြည့်စခန်းနှင့် ကျေးရွာ များသို့ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ ၅၄၂ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၃၉၈ဦးရှိကာ၊ ၁၆ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲပိုးတွေ့လူနာ ၁၂၈ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှ သိရသည်။
လူမော် (ပြန်/ဆက်)