ခိုလမ်မြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၃)ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ခိုလမ် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ဆေးကုသမှု ခံယူနေသော ခိုလမ်မြို့ ၊ အမှတ်(၃)ရပ်ကွက်မှ အသတ် (၄၈)နှစ်အရွယ်  အမျိုးသား(၁) ဦးနှင့် နောင်ခမ်းကျေးရွာ မှ အသတ် (၂၃)နှစ်အရွယ် ၊ အသတ် (၁၈)နှစ်အရွယ်  အမျိုးသား( ၂ ) ဦး ၊ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၃) ဦးအား ကျန်းမာရေး ကောင်းမွန်လာသဖြင့် ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။

အဆိုပါ ခိုလမ်မြို့အမှတ် (၃) ရပ်ကွက်မှ ဆေးရုံဆင်းခွင့်ရသူ (၁) ဦးကို ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး နောင်ခမ်းကျေးရွာမှ ပိုးတွေ့လူနာ(၂) ဦးမှာ မိမိတို့၏ မိသားစုဝင်တို့ကလာရောက်ခေါ်ဆောင်ကြကာ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံအုပ်ကြီးမှ Home Quarantine (၁၀) ရက်ထပ်မံနေထိုင်သွားရန်မှာကြားခဲ့ကြောင်း မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။

နောင်ဟေးငင်း (ခိုလမ်)