ခိုလမ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ မောခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အားမရှိခြင်းနှင့် အသက်ရှုမဝခြင်းတို့ကို ခံစားရသဖြင့် ဆေးရုံသို့ လာရာက်ပြသခဲ့ကြသည်။
အဆိုပါ လာရောက်ပြသသူ အမှတ်(၁)ရပ်ကွက်မှ အသက်(၅၇)နှစ် အမျိုးသမီး(၁) ဦး၊ အမှတ်(၂)ရပ်ကွက်မှ အသက်(၃၁) နှစ်အမျိုးသမီး(၁) ဦး၊ အမှတ်(၄)ရပ်ကွက်မှ အသက်(၄၀)နှစ် အမျိုးသမီး(၁) ဦး၊ အမှတ်(၅)ရပ်ကွက်မှ အသက်(၄၆)နှစ် အမျိုးသမီး(၁)ဦးနှင့် ကွန်ဟိန်မြို့ အမှတ်(၃)ရပ်ကွက်မှ အသက်(၆၁)နှစ်အမျိုးသမီး(၁) ဦးစုစုပေါင်း(၅) ဦးကို ယမန်နေ့က ၎င်းတို့လာရာက်ပြသချိန်တွင် RDTTest Kit ဖြင့် ခုတင်(၁၀၀)ဆေးရုံအုပ်ကြီးမှ စစ်ဆေးခဲ့ရာ (၅) ဦးလုံးတွင်ကိုဗစ်-၁၉ရောဂါပိုးPositive စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ၎င်းတို့၏မိသားစု၀င်တို့ကို ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး Positive (၆) ဦးထမ်မံတွေ့ရှိခဲ့ပါသည်။
အဆိုပါ ပိုးတွေ့လူနာအမှတ်(၁)ရပ်ကွက်မှအမျိုးသား(၁) ဦး၊ အမျိုးသမီး(၂) ဦး၊ အမှတ်(၂) ရပ်ကွက်မှအမျိုးသမီး(၁) ဦး၊ အမှတ်(၄)ရပ်ကွက်မှ အမျိုးသမီး(၁) ဦး၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသား(၃) ဦး၊ အမျိုးသမီး(၁) ဦးနှင့် ကွန်ဟိန်း၊ အမှတ်(၃)ရပ်ကွက်မှ အမျိုးသမီး(၂) ဦး ၊ စုစုပေါင်း (၁၁) ဦးအား ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင်ထားရှိပြီး လိုအပ်သော ဆေးကုသမှု များ ပေးသွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီထံမှ သိရသည်။
နောင်ဟေးငင်း(ခိုလမ်)