မြောင်းမြ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက်(၅၅) နှစ်အထက်ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့ နေ့လယ်(၂)နာရီ အချိန်က အ.ထ.က(၁)ကျောင်း၊ ပညာရတနာခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၏ ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ခရိုင်ကြက် ခြေနီတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍မြို့ပေါ် ရပ်ကွက်များရှိ အသက် (၅၅)နှစ်အထက် ပြည်သူများနှင့် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိပြီး ကျန်ရှိနေသောရပ်ကွက်များ၊ ကျေးရွာများမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကေခိုင်စိုး(မြောင်းမြခရိုင်ပြန်/ဆက်)