စစ်ကိုင်း စက်တင်ဘာ ၂၀
စစ်ကိုင်းမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုများအား စက်တင်ဘာ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကာကွယ်ဆေးများထိုးနှံရာတွင် ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက စုရပ်အုပ်စုများဖြစ်သည့် မြို့တော်ခန်းမ၊ သီတဂူအာယုဒါနဆေးရုံကြီး၊ ကျေးရွာအုပ်စုများဖြစ်သည့် အုန်းတော၊ ရွာသစ်ကြီး၊ ညောင်ပင်ဝန်းနှင့် ဆားတောင် တိုက်နယ် အုပ်စုများသို့ ကာကွယ်ဆေးများ ဆက်လက်ထိုးနံ ပေးလျက်ရှိသည်။
စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်ကန့်သတ်ချက်များ ဖြေလျော့ကာ စဉ်ဆက်မပြတ် ထိုးနှံပေးသွားမည် ဖြစ်သလို ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လည်း မြို့၏ အချက်အခြာကျသည့် နေရာများတွင် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းကာ နေအိမ် ပြင်ပထွက်ပြည်သူများအား ကျန်းမာရေး အသိပညာများ နေ့စဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်းသိရသည်။
ဇော်မြင့်နိုင်