ဘုတ်ပြင်း စက်တင်ဘာ ၂၀
ဘုတ်ပြင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည် ဟုသံသယရှိသူများအား စစ်ဆေး ခဲ့ရာ ယမန်နေ့ ကိုဗစ် - ၁၉ ပိုးတွေ့လူနာသစ် ၁၉ ဦးစစ်ဆေး တွေ့ ရှိခဲ့ကြောင်းသိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေး အသင်းဖွဲ့များနှင့် ကျေးရွာဒေသခံတာဝန်ရှိသူများပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်ဆေး ခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၉) ဦးအား စစ်ဆေးတွေ့ရှိခဲ့ပြီး၊ဆေးရုံဆင်းသူ(၁၈)ဦးနှင့် သေဆုံးသူမရှိကြောင်း သိရ သည်။
ရောဂါပိုးတွေ့လူနာများအား သက်ဆိုင်ရာ ဆေးရုံများနှင့် ကိုဗစ်-၁၉ ပိုးတွေ့ လူနာယာယီ ဆေး ကုသရေးစင်တာများတွင်ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်ပေးလျက်ရှိကြေင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းပိုးတွေရှိမှုမှာ ဇွန်လ(၁၀)ရက်နေ့မှ စက်တင် ဘာလ (၁၉)ရက် နေ့ထိပိုးတွေ့လူနာ (၁၈၉၉) ဦး၊ဆေးရုံဆင်း သူ( ၁၇၄၉) ဦး၊သေဆုံးသူ ( ၁၅ ) ဦးနှင့် သက်ဆိုင်ရာဆေးရုံများနှင့် ယာယီကုသရေး စင်တာများတွင် တက် ရောက်ကုသမှု ခံယူနေသူ (၁၃၅) ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
မြို့နယ်( ပြန်/ဆက်)