ပျဉ်းမနား စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာများရရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံရေးစင်တာတွင် လာရောက် ဆေးထိုးနှံကြသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆေးထိုးနှံရေးစင်တာတွင် လာရောက်ဆေးထိုးနှံကြသူ များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ လက်ကမ်းစာစောင်တွင် မိသားစုအတွက် ကိုဗစ်-၁၉ ရောဂါအချက်အလက်၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရှိသူအား ဆန့်ကျင်ကဲ့ရဲ့ ပြောဆိုခြင်း မပြုရန်၊ အိမ်တွင် ဘယ်လိုကောင်းစွာချက်ပြုတ်မလဲ၊ ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ စသည့်အချက်အလက်များပါဝင်ပြီး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဖြန့်ဝေသည့်လက်ကမ်းစာစောင်နှင့် ပိုစတာများဖြစ်ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်ဆက်)