ပျဉ်းမနား စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များလူဦးရေ ၅၀၀၀ စာ ထပ်မံရရှိသဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကို ဒုတိယအသုတ် ပထမအကြိမ်တွင် ယခင်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်ကြီးသူများကို ဦးထိုးနှံပေးလျက်ရှိရာ ယခင်ရရှိသည့် လူဦးရေ ၆၅၀၅ ဦးစာနှင့် ယခုထပ်မံရရှိသည့် လူဦးရေ ၅၀၀၀ စာအပါအဝင် ၁၁၅၀၅ ဦးထိုးနှံပေးနိုင်မည်ဖြစ်ပြီး စက်တင်ဘာလ(၁၉)ရက်နေ့အထိ လူဦးရေ ၄၆၀၅ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)