ပျဉ်းမနားမြို့တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကို ၄၆၀၅ ဦး ထိုးနှံပေးပြီးဖြစ်

ပျဉ်းမနား စက်တင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပျဉ်းမနားမြို့ အမှတ် အခြခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးနှံရေး စင်တာနှင့် နတ်သူရဲကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရှိ ဆေးထိုးနှံရေးစင်တာတို့တွင်  ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ လ ၁၉ ရက်နေ့အထိ ၄၆၀၅ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ပထမအသုတ် တွင် ၄၇၂၅ ဦး ထိုးနှံပေးပြီးဖြစ်ကာ ယခုဒုတိယအသုတ် ပထမအကြိမ်တွင် ယခင်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိခဲ့သူများ၊ နာတာရှည်ရောဂါ ခံစားနေရ သူများ၊ မသန်စွမ်းသူများနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်ကြီးသူများကို ဦးထိုးနှံပေးလျက်ရှိရာ လူဦးရေ ၁၁၅၀၅ ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်ဖြိုး(ပြန်/ဆက်)