မိုးကောင်းအလင်းတန်းအောက်ဆီဂျင်စက်ရုံအတွက် Oxygen Plant နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိ

မိုးကောင်း        စက်တင်ဘာ      ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် မိုးကောင်း အလင်းတန်းအောက်ဆီဂျင်စက်ရုံအတွက် ၂၀၂၁ ဩဂုတ်လထုတ် flow rate Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများသည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်မှတဆင့် ရန်ကုန်သို့ရောက်ရှိကာ မိုးကောင်းမြို့နယ်သို့ တစ်ဆင့်သယ်ဆောင်ပြီး ယနေ့ နံနက် ပိုင်းတွင် ကားပေါ်မှစက်ရုံအတွင်းသို့ သယ်ယူပြီးဖြစ်ကြောင်း သိရသည်။

Oxygen Plant နှင့်ဆက်စပ်ပစ္စည်းများကို ရက်အတွင်း အမြန်ဆုံးတပ်ဆင်မည်ဖြစ်ပြီး တစ်ရက်လျှင် တစ်နာရီ ၄၀ လီတာအိုး လုံးနှုန်းဖြင့် ၁၈၀ လုံးခန့်ထွက်ရှိ၍ မြို့နယ်တွင်းအောက်ဆီဂျင်လိုအပ်ချက်များအလိုက် တစ်အိုးထွက်မီတာခစရိတ်မျှသာနှုန်းထား ဖြင့် ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ ရုံဆောင်ရွက်နေသော်လည်း လတ်တလောဆေးရုံဝန်း ရှိအောက်ဆီဂျင်စက်ရုံ တစ်ခုသာ တည်ဆောက်ပြီးစီး၍ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုးအလုံးရေ ၁၅ လုံးသာ Quarantine Centre အတွက် အသုံးပြုနေပြီးမိုးကောင်း အလင်းတန်းအောက်ဆီဂျင်စက်ရုံသည် မကြာမီဖွင့်လှစ်နိုင်မည်ဖြစ်ကာ လောကုတ္ထစရိယ အောက်ဆီဂျင် စက်ရုံသည်လည်း အောက်တိုဘာ ၁၅ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)