နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်း စကားသံ

 

နတ်မောက်   စက်တင်ဘာ  ၂၀

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုး နှံခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများအထိ သတ်မှတ်စု ရပ်များအလိုက် ကာကွယ်ဆေးထိုးနှံ  ပေးလျှက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသည့် သူများ၏ရင်တွင်းစကားသံ များကို အောက်ပါအတိုင်းဖော်ပြလိုက်ရပါသည်-  

 

ဒေါ်နှင်းရီ စျေးရပ်ကွက် ၊ နတ်မောက် ကျွန်မကတော့ ဒေါ်နှင်းရီဖြစ်ပါတယ်၊ နတ်မောက်မြို့ စျေးရပ်ကွက် မှာနေပါတယ်၊ ကျွန်မက မြို့မစျေးထဲမှာ စျေးရောင်းချသူတစ်ဦးဖြစ်ပါတ​ယ်၊ ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ရ တဲ့အချိန်မှာ အစား အသောက် တွေပျက်လာပါတယ်၊ ဖျားချင်သလိုဖြစ်လာပါတယ်၊ အစကတော့ရိုးရိုးအဖျားလို့ ထင်မိပါတယ် ၊ အသက်ရှုတွေကြပ်လာပါတယ်၊ အရမ်းမောလာပါတယ်၊ အသက်ရူ တွေကြပ် အရမ်းမောလာတာကြောင့် ပြည်သူ့ ဆေးရုံကြီး ကိုသွားပြီး ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ကြည့်ပါတယ်၊ ပိုးစစ်ကြည့်တော့ ကိုဗစ်-၁၉ ရောဂါပိုးရှိတယ်သိရလို့ ဆေးရုံတက်ပြီးဆေးကု သမှုခံယူပါတယ်၊ ကျွန်မ ကိုဗစ်ပိုးတွေ့တဲ့အချိန်မှာ ကိုဗစ်ပိုးတွေ့တဲ့သူတွေနဲ့ တစ်ခန်းထဲမှာ တစ်ဦးနဲ့တစ်ဦး ၆ ပေကွာနေပြီး ဆေးကုသမှုခံယူရပါတယ်၊ ကျန်းမာရေးဆရာ၊ ဆရာမများကလည်း တစ်နေ့ (၃) ကြိမ် လာရောက်ကြည့်ရှုပါတယ်၊ နေ့ညမပျက်ဂရုစိုက်စောင့်ရှောက်ပါတယ်၊ ဆေးရုံတက်ရတာ (၁၃) ရက်ကြာပါတယ်၊ ကျွန်မက ကိုဗစ်-၁၉ ရောဂါပိုးပျောက်ပြီး ဆေးရုံက ဆင်းလာတော့ အိမ်မှာ မိသားစုနှင့် တစ်ပတ်ခွဲ နေရပါတယ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကတော့မထိုးရသေးပါဘူး၊ ကျွန်မ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးရသေးတော့ ရောဂါကို အပြင်း အထန်ခံရပါတယ်၊ ကျွန်မလည်း အားအင်ပြည့် လာရင် တော့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးဖြစ် အောင်ထိုးမှာပါ   အခုဆိုရင် ကျွန်မက အားအင်တွေပြည့်နေစေဘို့ အာဟာရရှိတဲ့အစားအစာတွေစားတယ်၊ အိပ်ရေး၀အောင် အိပ်ပါတယ်၊ ကျွန်မလိုကိုဗစ်-၁၉ ရောဂါမဖြစ်အောင် အားလုံးကိုမှာခြင်တာကတော့အခုချိန်ဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံတော်က ဒေသအသီးသီးမှာ အခမဲ့ထိုးနေတဲ့ကာလဖြစ်တာကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လမ်းညွှန်မှုများနှင့်အညီ ထိုးဖြစ်အောင်ထိုးကြပါ၊ အသွားအလာအနေအထိုင်ကိုလည်း ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အတက်နိုင်ဆုံး ကိုက်ညီအောင် ကြိုးစားသွားလာနေထိုင်ပေးကြပါလို့ ပြောချင်ပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်။

လှဝင်း