ပင်လုံ စက်တင်ဘာ ၂၀
ပင်လုံမြို့၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းအချိန်က RDT Test Kit ဖြင့် စစ်ဆေးမှုအရ အမျိုးသမီး(၁)ဉီးနှင့် အမျိုးသား(၃)ဉီး၊ စုစုပေါင်း(၄)ဉီးထံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူများမှာနေမကောင်း၍ ၂၀-၉-၂၀၂၁ ရက်နေ့က ပင်လုံမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသည့် ပင်လုံမြို့ ရပ်ကွက် (၂)၊ မြို့သစ်၊ စဝ်နွံလမ်းတွင် နေထိုင်သည့် အသက် (၅၀)နှစ် အရွယ်အမျိုးသား (၁)ဉီး၊ ရပ်ကွက်(၂)၊ တောင်ရိုးပိုင်းတွင်နေထိုင်သည့် အသက်(၅၇)နှစ်အရွယ် အမျိုးသား (၁)ဉီး၊ အသက်(၂၀)နှစ် အရွယ် အမျိုးသား (၁)ဉီးနှင့် ရပ်ကွက်(၂)၊ မြို့သစ်တွင်နေထိုင်သည့် အသက်(၈၄)နှစ်အရွယ် အမျိုးသမီး(၁)ဉီး စုစုပေါင်း (၄)ဉီးတို့ဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည့် အတည်ပြုလူနာ(၄) ဉီးအား ပင်လုံမြို့ ပြည်သူ့ ဆေးရုံကြီးအတွင်းရှိ အထူးကြပ်မတ် ကုသဆောင်တွင်သီးသန့်ထားရှိ၍ ဆေးကုသပေး သွားမည်ဖြစ်ကြောင်းနှင့် ၎င်းအတည်ပြုလူနာများ၏ မိသားစုဝင်များနှင့် ၎င်းပိုးတွေ့လူနာများနှင့် ထိတွေ့ထားသူများအားနေအိမ်တွင် Home Quarantine ထား၍ အသွားအလာ ကန့်သတ်ထားရှိ ဆောင်ရွက်သွားမည်ကြောင်း ပင်လုံမြို့ကျန်းမာရေးဉီးစီးဌာနထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)