ရမ်းဗြဲ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းလာစေရေးနှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့ပေါ် ကျေးလက်ပါမကျန် သတ်မှတ်ဦးစားပေးအုပ်စုများ ကိုကာကွယ်ဆေးများထိုးနှံပေးလျက်ရှိခဲ့ပါသည်။ ၎င်းအပြင် ကိုဗစ်-၁၉ ရောဂါကြိုတင်တားဆီးကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးကျန်းမာရေးပြန် လည်ကောင်းမွန်လာသူတစ်ဦး၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်းဖေါ်ပြအပ်ပါသည်။
ကျွန်တော်နာမည်ကတော့ - ဦးခွန်ကျော်မိုးပါ ၊ နိုင်ငံဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်တော့်အနေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် (၁၅-၃-၂၀၂၁) ရက်နေ့မှာထိုးနှံခဲ့ပြီးတော့ ဒုတိယအကြိမ်ကို ဧပြီလထဲ မှာ ထိုးနှံခဲ့ပါတယ်၊ ဒီလို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသော်လည်း ဩဂုတ်လမှာ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ၊ သာသနာ့နွယ်ဝင်များ၊ ပရဟိတများနှင့်သတ်မှတ်အုပ်စုဦးစားပေးအဆင့်ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးနှံတဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းများနှင့်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုကူညီပေးရင်းနှင့် ဩဂုတ် ၃ ရက် ၄ ရက်နေ့တွေမှာကိုယ်ပူချိန်တက်ပြီးဖျားနာခဲ့ပါတယ်၊ ဩဂုတ်လ ၅ ရက်နေ့မှာတော့ အနံ့ပျောက် အနံ့မရ ဖြစ်သွားခဲ့ပါတယ်၊ ဩဂုတ်လ ၆ ရက်နေ့ရောက်တော့ ကျန်းမာရေးဌာနမှာ ကိုဗစ်ပိုးရှိ/မရှိသွားရောက်စစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ ရောဂါပိုးရှိကြောင်း သိရှိရတဲ့အတွက် မြို့ကွက်သစ်ဆေးရုံ ကိုဗစ်ရောဂါကုသရေးစင်တာသို့ ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုကိုခံယူခဲ့ပါတယ်၊ ကုသရေးစင်တာမှာလည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဂရုစိုက်မှုတွေကို ခံယူခဲ့ရပါတယ်၊ ဩဂုတ်လ ၈ ရက်နေ့မှာ အနံ့ပြန်လည်ရရှိပြီးပြန်လည်ကောင်းမွန်လာခဲ့ပါတယ်၊ ၁၀ ရက်နေ့ ပြည့်တဲ့အခါတော့ Home Quarantine (၇) ရက်အိမ်မှာနေထိုင်ခဲ့ပါတယ်၊ Home Quarantine မှာလည်းကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်နှင့်အညီ နေထိုင်ခဲ့ပါတယ်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲရသော်လည်း ကာကွယ်ဆေးထိုးနှံထားတဲ့အတွက် ရောဂါဝေဒနာကို ပြင်း ပြင်းထန်ထန် မခံစားခဲ့ရပါဘူး၊ အနံ့ပျောက်ရုံလောက်ဘဲခံစားခဲ့ရပါတယ်၊ ဒါကြောင့် မိဘပြည်သူများအနေနှင့် ယခု Sinop harm ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးတဲ့အချိန်မှာ တုံ့ဆိုင်းနေခြင်းမရှိဘဲ အမြန်ဆုံးသွားရောက်ထိုးနှံကြပါရန် တိုက် တွန်းအပ်ပါတယ်၊ ကာကွယ်ဆေးထိုးနှံကြပြီး ကျန်မာရေးဌာနရဲ့ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြပါလို့ တိုက်တွန်း ချင်ပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ -အောင်တင်ကြည်