စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များပြည်သူများသိရှိစေရန် လှည့်လည် အသိပေးနှိုးဆော်

စဉ့်ကိုင်     စက်တင်ဘာ  ၂၁

 

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်ခရိုင်၊     စဉ့်ကိုင်မြို့နယ် ၊    ဆင်ဖြူကုန်းကျေးရွာတွင်  ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်  ထိန်းချုပ် ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြည်သူများသိရှိစေရန်လှည့် လည် အသိပေးနှိုးဆော်ခြင်းကို  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများ ၊  ကျေးရွာကျန်းမာရေးဆရာမ ၊ ဆင်ဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ ပူးပေါင်း၍   ယမန်နေ့  နံနက် (၉) နာရီ က ကျေးရွာအတွင်း  Hand Speaker ဖြင့်   လှည့်လည် နှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့   ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့်ကိုဗစ် -  ၁၉ ရောဂါပိုး ကူးစက်မှုမ ခံရစေရေးနှင့်     ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အတတ်နိုင် ဆုံးနေ အိမ်အတွင်းသာနေထိုင်ကြရန် ၊ မိမိအိမ် တွင် ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိကလည်း အခြားသူများထံ  သွား​​ရောက်ခြင်း မပြုရန်၊  မဖြစ်မနေ အရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပ သို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရန် ၊လက်ကို ဆေးကြောခြင်း မပြုဘဲ  ပါးစပ်၊   နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊   ကိုင်တွယ်ခြင်း၊   ထိတွေ့ခြင်း    မပြုလုပ်ကြရန်နှင့် နှာခေါင်း စည်း (Mask) မတပ်ဆင်သူများနှင့်  တွေ့ဆုံခြင်း၊  စကားပြောခြင်း၊ လေ၀င်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်နှင့် မိမိတို့နေအိမ်များကို   ပြူတင်းတံခါးများဖွင့်ပြီး  လေ၀င်လေထွက် ကောင်း အောင်ပြုလုပ်ကြရန် ၊အသုံးပြုပြီးသောနှာခေါင်းစည်း( Mask )များကို စနစ်တကျ စွန့်ပစ်ရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံစားနေရသည် ဟုသံသယရှိပါက နီးစပ်ရာ  ကျန်းမာရေး ဌာနများနှင့်  ဆက်သွယ်၍ မပျက် မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန် ပြည်သူ များ အားလုံးလိုက်နာကြပြီး  ပူးပေါင်းပါ၀င်ပေးကြရန် အသိပေးနှိုးဆော်ခြင်းများကိုဆင်ဖြူကုန်း ကျေးရွာ အတွင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉  ရောဂါ ကာကွယ်  ထိန်းချုပ်နိုင်စေရန် အတွက်  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် နေ့စဉ် နံနက်(၉)နာရီမှ မွန်းလွဲ(၃)နာရီ အထိ ဒုတိယအကြိမ် ကာကွယ် ဆေးများထိုးနှံပေးခဲ့ရာ စက်တင်ဘာ လ(၂၀)ရက် နေ့အထိစုစုပေါင်း(၄၇၃၆)ဦး ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်

ကြောင်းသိရသည်။

           

 

၀င်း၀င်းသန်း (စဉ့်ကိုင်)