မန္တလေး စက်တင်ဘာ ၂၁
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မိုးရွာသွန်းမှုများကြောင့် စက်တင်ဘာ၂၀ရက် နံနက် ၁၀နာရီ၄၅မိနစ်ခန့်က ဥပုသ်တော် ရပ်ကွက်၊ ၆၆လမ်း၊ ၁၁လမ်းနှင်၁၂လမ်းကြား၌ လုံးပတ်(၄)ပေခန့်၊ အမြင့်(၃၅)ပေခန့်ရှိ ထနောင်းပင်တစ်ပင် ပြိုလဲမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်လဲရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင် ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲ(၄)တပ်ခွဲမှူး ကျော်ဝင်းပါ တပ်ဖွဲ့ဝင်(၁၅)ဦး၊ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းအောင် ပါအဖွဲ့ဝင်(၁၀)ဦး၊ ဌာနီရှေ့လူမှု ကယ်ဆယ်ရေးအသင်းမှ အတွင်းရေးမှူး(၁) ဦးကျော်ဇေဟန်ပါ (၅)ဦးတို့မှ အုပ်ချုပ်မှု ယာဉ်(၂)စီး၊မီးငြှိမ်းသတ်ယာဉ်(၁) စီးတို့ဖြင့် သွားရောက်ရှင်းလင်းရာ နေ့လယ်၁၂နာရီတွင် ရှင်းလင်း ပြီးခဲ့ပြီး အဆိုပါသစ်ပင်ပြိုလဲမှုကြောင့် လူ၊ တိရ စ္ဆာန်နှင့် အဆောက်အအုံများ ထိခိုက် ပျက်ဆီးမှု မရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)