မလှိုင် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင် ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများအလေးထား လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ပြည်သူအများသိရှိစေရန် မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက အသံချဲ့စက်ဖြင့် အသိပေး သတိပေး နှိုးဆော်ခြင်းကို ယမန်နေ့က မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည် ။
အသိပေးကြေညာ ချက်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ မိမိကစ၍ ကာကွယ်ပါ ဆောင်ပုဒ်အတိုင်း အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစီး Mask ကို စနစ်တကျ တပ်ဆင်ရန် ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ Face Shield ကိုတွဲဖက်တပ်ဆင်အသုံးပြုရန် ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါ နေထိုင်လုပ်ကိုင် ရန် ၊ လူစုလူဝေးရှောင် ကျဉ် ရန် ၊ လက်ကိုစက္ကန့်(၂ဝ)ခန့် မကြာ ခဏဆေး ပေးရန် ၊ အိမ်အပြင်သို့ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက် (၆၀) နှင့်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို ၊ သွေးတိုး၊ နှလုံးရောဂါ စသည့်နာတာရှည်ရောဂါအခံ ရှိသူ များနှင့် အနီး ကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှရှောင်ကျဉ်ရန် ၊ အသွားအလာတားမြစ် ပိတ်ပင်၍သီးသန့် ခွဲခြားနေထိုင်ခြင်း၊ Quarantine လုပ်ငန်း စဉ်များတွင် အပြည့်အဝ ပူပေါင်းပါဝင်ရန် ၊ ပါးစပ်နှင့် နှာခေါင်းစီး တပ်ဆင် မထားသော ဈေးရောင်းချသူများထံမှ ဈေးမ ဝယ်ရန် ၊ တစ်ဦးနှင့်တစ်ဦးအချင်းချင်းသတိပေးရန် ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ရန် ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာဆောင်ရွက်သွားရန် ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာခဲ့ကြောင်း သိရသည် ။
အောင်ဌေး( မလှိုင် )