ကမမောင်း စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွား မှုလျော့ နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိ ပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် သူများ အား ဒုတိယအုပ်စုအနေဖြင့် ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ( ၂)ရပ်ကွက် ရာအိမ်မှူးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေး ဆိုင်ရာထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက် ပြတ်တောက် နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီးကိစ္စများ၊ သွားလာ ရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန်နှင့်ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကိုထိုးနှံနိုင်ရေး အချိန်၊နေ့ရက်နှင့် ထိုးနှံ ပေးမည့်နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေး တိုက်တွန်းနှိုး ဆော် ချက်များကို ကြေငြာပေးခဲ့ကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)