မိုင်းရှူး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်အတွင်းရှိအသက် (၄၀)နှစ်အထက်ပြည်သူများ၊ ဦးစားပေးအုပ်စုတွင်ပါဝင်သည့်ပြည်သူများအား စက်တင်ဘာ၁၉ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်) စတင်ထိုးနှံပေးရာယမန်နေ့အထိ ပြည်သူ(၂၅၀၁)ဦးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းသို့ကာကွယ်ဆေးထိုးနှံရာတွင် ရပ်ကွက်/ ကျေးရွာအလိုက် သတ်မှတ် ရက်များ၌ ထိုးနှံပေးပြီး စက်တင်ဘာ ၁၉ရက်(၄၅၅)ဦး၊ စက်တင်ဘာ၂၀ရက်(၄၉၅)ဦး၊ စက်တင်ဘာ၂၁ရက်(၃၈၅) ဦး၊ စက်တင်ဘာ၂၂ရက်(၅၀၀)ဦး၊ စက်တင်ဘာ၂၃ရက်(၆၆၆)ဦး၊ စုစုပေါင်း(၂၅၀၁)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီစနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူ များက အနီးကပ်ကြီး ကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်ပေါ်သူ(မိုင်းရှူး)