မြဝတီ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကော ကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး အတွက်မိမိတို့နေ အိမ်(သို့မဟုတ်) အဆောင်များတွင် သာနေထိုင်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်း ချက်နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန များသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကု သမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေး လိုက်လံနှိုးဆော် လျက်ရှိ ကြောင်းသိရသည်။
မန်းသန်းရွှေမြင့်