မြဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအသုတ် ပထမအကြိမ် တတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေး

မြဝတီ စက်တင်ဘာ ၂၄

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ် တစ်စိုက် ကြိုးပမ်းဆောင်ရွက် လျက် ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးနှံထားခြင်းမရှိပြည်သူများအား တတိယ အသုတ် ပထမအကြိမ် တတိယနေ့အဖြစ်   ယနေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးခဲ့သည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် တတိယအသုတ်ပထမအကြိမ်အဖြစ် မြဝတီမြို့နယ်အတွင်းရှိ ဦးစားပေး အုပ်စုများကို မြဝတီခရိုင်ကျန်းမာရေးဝန်ထမ်းများမှ စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်၍ စုရပ်(၇)နေရာ တွင် နံနက် ၉ နာရီ မှ နေ့လည် ၂ နာရီအထိ  ထိုးနှံပေးခဲ့သည်။

မြဝတီမြို့နယ်အနေဖြင့် ကိုဗစ်ကာကွယ်ဆေး တတိယအသုတ်ပထမအကြိမ်ထိုးနှံပေးခြင်းကို ၂၀၂၁ ခု နှစ်၊စက်တင်ဘာလ ၂၂ ရက်နေ့မှ(၂၃)ရက်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း ၇၀၁၄ ဦးရှိခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်