ဒဂုံ စက်တင်ဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အိမ်တော်ရာစေတီ တော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့ (၂၃.၉.၂၀၂၁) ရက်နေ့ နံနက်(၉) နာရီ အချိန်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ဒဂုံမြို့နယ် နေရပ်ကွက်(၅)ခုမှ ပြည်သူ (၃၀၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံ ပေးခဲ့ကြောင်း သိရှိရပါသည်။
ကာကွယ်ဆေးထိုးနှံနေရာသို့ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူ များက ကြီးကြပ်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘ ပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဒဂုံမြို့နယ်(ပြန်/ဆက်)