ဝေါ စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT)ဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သူ့ ဆေးရုံဟောင်း၊ သူရဲသမိန်တိုက်နယ် ဆေးရုံ၊ မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် ဝေါမြို့နယ် Quarantine Center (၁) ခုရှိ အနံ့ပျောက်သံသယရှိသူ လူနာ (၁၀၄) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ ယနေ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၁)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း(၁၆၄၅)ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ (၁၅၀၇) ဦး၊ ဝေါမြို့နယ်အတွင်း Positive လူနာ စုစုပေါင်းဆေးရုံလက်ကျန်လူနာ (၂၄) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၁၁၁)ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အောင်မြတ်လင်း (ပြန်ဆက်)