မိုင်းနောင်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနရုံး၀န်ထမ်းအိမ်ရာ(နှစ်)ထပ်အဆောက်အအုံဆောက်လုပ်ပြီးစီး

မိုင်းနောင် စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့နယ်ခွဲစည်ပင်သာယာရေး ဌာနရုံး၀န်ထမ်း အိမ်ရာ(နှစ်)ထပ် အဆောက်အအုံသစ်ကို(၁.၂.၂၀၂၁)ရက်နေ့တွင်လုပ်ငန်း စတင်ဆောင်ရွက်ရာ(၃၁.၈.၂၀၂၁) ရက်နေ့တွင်ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

အဆိုပါ ရုံး၀န်ထမ်းအိမ်ရာ(နှစ်)ထပ်အဆောက်အအုံကို တာ၀န်ယူဆောင်ရွက်သည့်ဌာနမှ ကော်မတီ၀င်များက အဆောက်အအုံရေရှည်တည်တံ့‌ ကောင်းမွန်ရေးအတွက်  သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ တည်ဆောက်နိုင် ရေး၊၀န်ထမ်းများ နေထိုင်ရေးအခက်အခဲတို့ကြောင့်အဆင်‌ပြေပြေနေထိုင်နိုင်ရေး၊ အချိန်မီပြီးစီးရေးတို့ကို ကြိုးစားဆောင်ရွက်ပေးခဲ့ပါသည်။

မိုင်းနောင်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနရုံး၀န်ထမ်းအိမ်ရာ(နှစ်)ထပ်အဆောက်အအုံသည်(၃၆ပေ×၂၉ပေ×၂၂ပေ) ရှိ၍သံကူ ကွန်ကရစ်အမျိုးအစားဖြစ်ပြီး၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ပြည်နယ်ထောက်ပံ့ရန်ပုံငွေကျပ် (၆၃.၀၅၄)သန်းဖြင့်တည်‌ဆောက်ကာယခုအခါ (၁၀၀)ရာခိုင်နှုန်း တည် ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်းသိရှိရပါသည်။

မနန်း(မိုင်းနောင်)