ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ဒုတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၂၄၆၇)ဦး ထိုးနှံပြီးစီး

ပိုင်ကျုံ   စက်တင်ဘာ  ၂၄

         

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျှော့နည်းစေရန်ရည်ရွယ်ပြီးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ဒုတိယအသုတ်(ပထမ)အကြိမ်ကိုစက်တင်ဘာလ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ကာကွယ် ဆေးလာ ရောက်ထိုးနှံသူ(၂၄၆၇)ဦးရှိကြောင်း သိရသည်။

         

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံဝန်ထမ်းများ၊ စေတနာ ဝန်ထမ်းများနှင့် ပရဟိတအဖွဲများကို   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး   ဒုတိယ အသုတ်(ပထမ)အကြိမ်၌ ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိပြီး လူဦးရေ(၂၄၆၇)ဦး ထိုးနှံပေး နိုင်ခဲ့ပါသည်။ ကာကွယ်ဆေးမထိုးရသေးသည့် မိဘ ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း ကကာကွယ်ဆေးထိုးရန်စုရပ်ဖြစ်သည့်ပိုင်ကျုံမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

           

ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာ ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ မှဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပိုင်ကျုံ (ပြန်/ဆက်)