ကျိုင်းတောင်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံမည်သူများ စာရင်းကောက်ယူနေမှုအား ယနေ့ နံနက်ပိုင်း ၉ နာရီအချိန် အမှတ်(၅) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံရန်အတွက် ရပ်/ကျေးစာရေးများမှ ရပ်ကွက် အတွင်းရှိပြည်သူများအား နာမည်စာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ၊ နေရပ်လိပ်စာများ၊ အသက် ၆၅ နှစ်အထက် ရှိသူများနှင့်ဦးစားပေးအဆင့်များတွင်ပါဝင်သော အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ် နှင့် တည်းခိုခန်းများရှိဝန်ထမ်းများ၊ စားသောက်ဆိုင်နှင့်ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market နှင့် ဈေးများရှိဝန်ထမ်းများ စသည့် ဆေးမထိုးရသေးသည့်သူများအား ဆေးထိုးနှံမည့်စာရင်းများ ကောက်ယူ လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံမည့်သူများအနေဖြင့် မှတ်ပုံတင်ကတ်ပြားများ ယူဆောင်လာ၍ စာရင်းလာရောက်ပေးသွင်းစေခြင်း နေရပ်လိပ်စာအတိအကျဖြင့် စာရင်းပေးသွင်း ရမည်ဖြစ်ကြောင်း သိရှိရပြီး အမှတ်(၅)ရပ်ကွက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် စာရင်းလာ ရောက်ပေးသွင်းသူ စုစုပေါင်း (၅၀)ဦးခန့် ရှိကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)