ပုလော စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ် ကာကွယ်ဆေးများ ကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး၊ ကိုဗစ် -၁၉ရောဂါ ကူးစက်ခံရ သော်လည်း ပြန်လည် ကောင်းမွန်လာသူ မမေဖူးရှိန် ၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။
မမေဖူးရှိန်(၀န်ထမ်း)သမဝါယမဦးစီးဌာန၊ပုလောမြို့။ ။ကျွန်မကတော့ မမေဖူးရှိန်ဖြစ်ပါတယ်။ ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ပထမဦးစွာ ကိုက်ခဲလာတော့ ဆေးခန်းပြ၍ သံသယရှိလာသော ကြောင့် မေတ္တာရှင်ပရဟိတအသင်းရဲ့ အကူအညီဖြင့် မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးစစ်ရာမှ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့ရှိ၍ ကိုဗစ်−၁၉ ကုသရေး စင်တာမှာ ဆေးကုသမှု ခံယူခဲ့တာပါ။ ရောဂါရဲ့ ဆိုးကျိုးကို မခံစားရပါ။ အနံမရတာနဲ့ ကိုက်ခဲတာပဲ ခံစားရပါတယ်။ ကျွန်မနှင့် အတူတူ ဆေးကုသမှုခံယူသူများကတော့ ဆိုးဆိုးရွားရွား မတွေ့ရပါဘူး။ မောပန်း တဲ့ လူတစ်ချို့ရှိပြီး မောပန်း မှုအတွက် ကုသရန် အောက်ဆီဂျင်က စင်တာအတွင်း ရှိနေ၍ အချိန်မီ ကုသမှု ခံယူနိုင်ပါတယ်။ ကျွန်မတို့ မိသားစု (၅) ဦးရှိတယ်။ အမေနှင့် မောင်လေးက ရောဂါ မဖြစ်ခင်က ကာကွယ် ဆေးထိုးနှံ ထားတယ်။ ကျွန်မမှာ ရောဂါ တွေ့ရှိပြီး၊ မိသားစု ၀င်များ သံသယရှိ၍ Stay at Home နေထိုင်ကြပါတယ်။ အိမ်မှာကျန်နေတဲ့ မိသားစုဝင်များက ကိုဗစ် ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို သိပ်မခံစား ရပါဘူး။ ဆေးထိုးထားလို့ ဖြစ်မယ်လို့ ထင်ပါ တယ်။ အခုဆိုတော့ ကျွန်မတို့ တစ်မိသားစုလုံးကိုဗစ် ကာကွယ် ဆေးထိုးနှံ ထားပြီး ဖြစ်ပါ တယ်။ ကိုဗစ် ရောဂါနှင့်ပတ်သက်ပြီး ပြောရမယ်ဆိုပါက အဓိက စိတ်ပါပဲ ။ ရောဂါတွေ့ရှိလာပြီ ဆိုပါက ကြောက်စိတ်ကို ဖယ်ရှားပြီး၊ စိတ်ကို လွတ်လပ်ပေါ့ပါးစွာ နေမယ်။ ၀င်အောင်စားမယ်။ ပျော်အောင် အိပ်မယ်။ ဆေးသောက်မယ် ။ တရား နားထောင်၍ လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင် နေမယ်ဆိုရင် ကိုဗစ်−၁၉ ရောဂါ ဖြစ်ခြင်း ကို တိုက်ထုတ်နိုင်လိမ့် မယ်လို့ ယုံကြယ်ပါ တယ်။
အေးအေးမော်(ပုလော)