ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ၏ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်(၁၀)အချိန်မှ စတင်၍ ပြည်သူများ၏ အိမ်ထောင်စု စာရင်းရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းနှင့် အဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် ပူးတွဲတင်ပြရ မည့်အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း များ၊ နိုင်ငံသားစိစစ်ရေး ကတ်ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စုစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသ၌ အမြဲတမ်း နေထိုင်လျက် အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသအိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသ ကိုင်ဆောင် လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ခြင်းဖြစ် ကြောင်းနှင့် ရပ်ကွင်းအတွင်းရှိ အိမ်ထောင်စုစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ(၄၃)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား များ ‌ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းအောင်၊ အဖွဲ့ဝင်(၂) ဦးလှကြည်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းတို့မှ ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

လဲ့လဲ့(IPRD)