နောင်ချို စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၁၃၃)ဦး ထိရှိလာပြီး ယမန်နေ့က ၃ ဦးထပ်မံသေဆုံးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့ များဖြင့် ကိုဗစ်-၁၉ရော ဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ ၊ ဖျားနာသူများကို ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ကြပြီး ကျန်ရှိဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရပ်ကွက် ကျေးရွာများသို့ ဆက်လက်ကွင်း ဆင်း၍စစ်ဆေးမှုများဆောင်ရွက်လျက်ရှိသည်။
ယမန်နေ့ စစ်ဆေးချက်များအရ သံဃာ ၈ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့တွင် ရောဂါးပိုးတွေ့ရှိခဲ့ပြီး နောင်ချိုမြို့နယ် အနေဖြင့် စက်တင်ဘာလ(၂၃) ရက်နေ့ထိ အတည်ပြုလူနာ (၃၁၃၃)ဦး၊ သေဆုံးသူ (၃၆)ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ(၂၆၀၃)ဦး၊ ကုသမှုခံယူနေဆဲ (၄၉၄)ဦး ရှိကြောင်း ၊ ကိုဗစ်၁၉ရောဂါအမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်စေ ရန် ရည်ရွယ်၍ ရပ်ကွက် ၊ ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)