နွားထိုးကြီးမြို့နယ်တွင် အသက်(၅၅)နှစ်နဲ့(၆၄)နှစ်ကြားပြည်သူများနှင့် ဆွံ့အမ သန်စွမ်းသူများအား ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး ၊ စက်တင်ဘာ ၂၄

                  

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၅၅)နှစ်နဲ့(၆၄)နှစ်ကြားပြည်သူများနှင့် မသန်စွမ်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီကစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံ ပေး လျက်ရှိကြောင်းသိရသည်။ 

                  

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ် သော  5 Dose အမျိုးအစားဖြစ်ပြီး အသက်(၅၅)နှစ်နဲ့(၆၄)နှစ်ကြားပြည်သူများနှင့် ဆွံ့အမသန် စွမ်းသူများ၊ပုဂ္ဂလိက ပညာရေးဝန်ထမ်း(၁၃)ဦး၊ ဘုန်းတော်ကြီး၊ သီလရှင်(၅)ပါး၊အခြားဝင်ငွေရှိသော လုပ်ကိုင်သူ (၂၈၇)ဦး၊မှီခိုသူ (၂၁၀)ဦး၊ပုဂ္ဂလိက ပို့ဆောင်ရေး ဝန်ထမ်း(၁၂)ဦး၊စားသောက်ဆိုင်ဝန်ထမ်း(၇၈) ဦးရွေ့ပြောင်း အလုပ် သမား (၂၃)ဦး၊ စုစုပေါင်း (၆၃၅)ဦးအား အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် များ၊မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်နှင့်ပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 

သန်းအောင်ဇော်