ထားဝယ် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင် တာများတွင် တာဝန်ထမ်း ဆောင်ကြမည့်ပရဟိတအဖွဲ့အစည်းများနှင့်Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteerများ အတွက် ဆဌမအကြိမ်မြောက်သင်တန်းကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ပရဟိတအအဖွဲ့ အစည်းများနှင့် Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသော Volunteer များအား သင်တန်းပေးခြင်းသည်ယခုအကြိမ် အပါအဝင်(ဆဌမ) အကြိမ်ရှိပြီးဖြစ်၍ ထပ်မံပြီးဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ က ကိုဗစ် -၁၉ ရောဂါကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းစဉ်အကြောင်းအရာများပါဝင်သည့်လက်ကမ်းစာစောင်များဖြန့်ဝေ ပေးထား ပြီး ဖြစ်၍လိုက်နာပေး ကြရန်လိုအပ်ကြောင်း၊ သင်တန်းတွင်ဆေးဘက် ဆိုင်ရာ နှင့်ပရဟိတ လုပ်ငန်း ဆိုင်ရာများကို တာဝန်ရှိ သူများကသက်ဆိုင်ရာ ဘာသာရပ်အလိုက်သင်ကြားပို့ချပေးမှာဖြစ်သည့် အတွက်သေချာစွာလိုက်နာမှတ်သားထားရန်လိုအပ် ကြောင်း ပြောကြားသည်။
သင်တန်းတွင်တာဝန်ရှိသူများ က လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀)ဦး အား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ဘာသာရပ်၊လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ Psycho Social Support နှင့် Counselling ဘာသာရပ်များ ၊ မြေပြင်တွင် လက်တွေ့ ဆောင်ရွက်ချက်များကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိသင်ကြားပို့ချပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)