ဇလွန်​မြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ဇလွန် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ​ပြီး ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ဇလွန်မြို့နယ်တွင် ရဟန်းသံဃာ​တော်များ၊ သီလရှင်များ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်းသူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က (၁)ဇလွန်နှင့် သက္ကယ်ကျွန်း၊ ပျဉ်းမကုန်း၊ သာဒုချောင်း၊ ရေလဲ၊ ကော့ကပ်၊ ဒေါင့်ကြီး၊ မေရီလန်းကျန်းမာရေးဌာနတို့တွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်မှ စတင်၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ဆေးထိုးစုရပ် အ.ထ.က( ၁ )ဇလွန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးရန်လင်းထွဋ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သိန်းတို့မှ ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ရဟန်းသံဃာ​တော်များ၊ သီလရှင်များ၊ အသက်( ၅၅) နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်းသူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာ ထိုးနှံပေးလျက်ရှိပြီး ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ