ဖျာပုံ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်သောအဖွဲ့သည် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ဖျာပုံမြို့ အမှတ်(၁၁)သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းကို မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်းသူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စု စာရင်းမရှိသူများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်းပေးသွားမှာဖြစ်ပြီး ယခုလိုပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေချော မွေ့စွာလုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ထိုနောက် အမှတ်(၁၁)ရပ်ကွက်ရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ်ပြည်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ မှတ်ပုံတင်အသစ် လဲလှယ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ယမန်နေ့က အမှတ်(၁၂)ရပ်ကွက်ရှိ ပြည်သူများ ကိုလည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြပြီး၊ အမှတ်(၁၁) ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်ရှိ လူဦးရေ(၁၁၀) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု စာရင်းမရှိသူ(၄၀)စုကို အိမ်ထောင်စုအသစ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)