ပြင်ဦးလွင် ၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ကျန်းမာရေး စင်တာများတွင် စစ်ဆေးရာ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ ( ၂၂ ) ဦး တွေ့ရှိ ကြောင်း သိရသည် ။
အဆိုပါ ပိုးတွေ့ လူနာများသည် အမျိုးသား ( ၉ ) ဦး နှင့် အမျိုးသမီး ( ၁၃ ) ဦး၊ စုစုပေါင်း ( ၂၂ ) ဦးတို့ ဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့အချိန်အထိ မြို့နယ်အတွင်း စုစုပေါင်းပိုးတွေ့( ၂၆၃၄ ) ဦး၊ လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသသူ ( ၄၀၆ )ဦး ၊ စုစုပေါင်းဆေးရုံဆင်း ( ၂၀၅၁ ) ဦး ၊ စုစုပေါင်းသေဆုံး ( ၁၇၇ ) ဦး ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည် ။
ခရိုင် ( ပြန်/ဆက် )