ပုလော စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား Sinopharm ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ကို ယနေ့ နံနက်ပိုင်း က မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ ဝန်ထမ်း များနှင့် တာဝန်ရှိ သူတို့က နန်းတောင်ကျေးရွာ အလကကျောင်း၌ ယနေ့ နံနက် ၉ နာရီက တတိယအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ကို ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို တတိယအသုတ် ပထမအကြိမ် စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ပုလောမြို့နယ်၌ ကျား (၂၃၂) ဦး၊မ (၃၅၈) ဦး စုစုပေါင်း (၅၉၀) ဦး လာရောက်ထိုးနှံခဲ့ပြီး၊ အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ် သည် များ ကူညီဆောင် ရွက် ပေးလျက် ရှိကြောင်း သိရသည်။
အလားတူ ယနေ့ နံနက်ပိုင်း၌ မီးလောင်ချာင်းကျေးရွာတွင် ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှဝန်ထမ်း များနှင့် တာဝန်ရှိသူတို့က ထိုးနှံပေး လျက်ရှိ ကြောင်း သိရပါ သည်။
အေးအေးမော် (ပုလော)