တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်လူနာသစ်(၈၇)ဦးထပ်တိုး ပြန်လည်ကျန်းမာသူ(၆၁)ဦး၊ ကုသဆဲ လူနာ(၂၈၄)ဦးအထိရှိ

 

တနင်္သာရီ  စက်တင်ဘာလ ၂၄

တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏အစီအမံအရ မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကူးစက်မှု ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ကုသရေး Centre များနှင့်စစ်ဆေးရေးဂိတ်များတွင် ရောဂါပိုးထိစပ်သူများ၊ နာမကျန်းဖြစ်သူများအား ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေး ပေးလျက်ရှိရာ ယမန်နေ့က လူနာသစ်(၈၇)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိပြီး၊ အတည်ပြုသူဦးရေပေါင်း(၁၆၈၆)ဦး၊ ပြန်လည် ကျန်းမာသက်သာ၍ ဆေးရုံမှဆင်းခွင့်ရသူ(၆၁)ဦး၊ ဆေးရုံမှဆင်း ပြီးလူနာပေါင်း(၁၃၇၅)ဦး၊ ကုသဆဲလူနာပေါင်း(၂၈၄)ဦးရှိကြောင်း သိရှိရသည်။

အဆိုပါလူနာသစ်(၈၇)ဦးမှာ အထက-တနင်္သာရီ Positive Centre တွင်(၄)ဦး၊ အ .ထ. က ပဝရွာ Positive Centre တွင်(၈၃)ဦး…စုစုပေါင်း(၈၇)ဦးဖြစ်ပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း၏ ကြီးကြပ်လမ်းညွှန် မှုဖြင့် တာဝန်ခံဆရာဝန်များက ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ကိုဗစ်-၁၉ရောဂါဖြင့် ကုသရေး Centre များနှင့် Positive Centre များတွင် ဆေးဝါး ကုသမှုခံယူစဉ် ပြန်လည် ကောင်းမွန်သက်သာလာသော တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံ အထူးကြပ် မတ်ဆောင် ( Isolation Ward )မှ(၆)ဦး၊ တကူတိုက်နယ်ဆေးရုံ သီးသန့်လူ နာဆောင် ( Isolation Ward )မှ(၇)ဦး၊ အထက(ခွဲ)သာရဘွင်ရွာ Positive Centre မှ (၁)ဦးနှင့် အလက(ခွဲ) သံတိုက် Positive Centre မှ(၃)ဦး၊ အလက-လယ်တောင်ယာ Positive Centre မှ (၄၄)ဦး..စုစု ပေါင်း(၆၁)ဦး အား ဆေးရုံမှဆင်းခွင့်ပြုပြီး မိမိနေအိမ်တွင်(Home Quarantine) (၇)ရက်တိတိ စနစ်တကျ သီးခြားနေထိုင်ကြရန် အသိပေး/သတိပေး မှာကြားခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်၍ စက်တင်ဘာလ(၂၃)ရက်နေ့အထိ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံမှ သီးသန့် လူနာဆောင် (Isolation Ward)တွင်  ကိုဗစ်-၁၉လူနာ(၁၇)ဦး၊  တကူတိုက်နယ်ဆေးရုံ (Isolation Ward)တွင် (၃၁)ဦး၊ မောတောင်တိုက်နယ်ဆေးရုံ( Isolation Ward )တွင်(၅)ဦးနှင့် အထက(ခွဲ)သာရဘွင် Positive Centre တွင်(၃)ဦး၊ အ ထ က- တနင်္သာရီ Positive Cemtre အတွင်း (၃၃)ဦး၊

အလက(ခွဲ)သံတိုက် Positive Centre တွင်(၆၃)ဦးနှင့် အထက-ညောင်ပင်ကွင်း Positive Centre တွင်(၁၈)ဦး၊ အမက-ပဝဝါသPositive Centre တွင်(၃၁)ဦး၊ အထက- ပဝရွာ Positive Centre အတွင်း(၈၃)ဦး..၊ ကုသဆဲလူနာ စုစုပေါင်း (၂၈၄)ဦး အထိရှိကြောင်း သိရှိရသည်။

သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)