ကျိုက်လတ်မြိုနယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ကျိုက်လတ် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ‌ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု (၈၉)အုပ်စုရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျိုက်လတ်မြို့နယ်မှ ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ကစတင်ထုတ်ချေး‌ပေးလျက်ရှိကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးနေမှုများ လုပ်ဆောင်ရာတွင် ရုံးအတွင်း နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ ဝင်ရောက်စေပြီး ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေများဆက်လက် ထုတ်ပေး လျက်ရှိပြီး မြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုး ထုတ်လုပ်မှု အထောက်အကူဖြစ်စေရန် ၂၀၂ဝခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မိုးစပါးတစ်ဧကလျင် တစ်သိန်းခွဲနှုန်းဖြင့် ကျေးရွာအုပ်စု (၈၉)အုပ်စုရှိ တောင်သူ (၁၁၁၁၂)ဦးအတွက် စပါးစိုက်ဧက (၇၂၀၈၀)ဧကအတွက် ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော်ကို ထုတ်ချေးပေးခဲ့ပြီး၊ ယခုနှစ်၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ဇွန်လ၁ရက်‌နေ့မှ စတင်ထုတ်ချေးလျက်ရှိပြီး ယနေ့အထိကျေးရွာအုပ်စု(၄၉)အုပ်စု၊ တောင်သူ(၄၂၆၀)ဦး၊ စပါးစိုက်ဧက(၂၇၉၈၄)ဦးတို့အား မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် သိန်းပေါင်း လေးထောင်ကျော် ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးလျက်ရှိရာ ယနေ့တွင် အောက်ဆင်ကူးကျေးရွာ၊ ကညင်ကိုင်းကျေးရွာ၊ ပဲခူးစုကျေးရွာ၊ တောင်ဘိုကြီးကျေးအုပ်စုများအား ထုတ်ချေးလျက်ရှိကြောင်းနှင့် အချိန်စေ့ရောက်ပြီး ချေးငွေပြေကျေပြီးဖြစ်သည့် တောင်သူများအား ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး သတ်မှတ်သည့် ကာလအထိ ချေးငွေပြေကျေသည့် တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မန်‌နေဂျာဦးစိုးတင့်ထံမှ သိရသည်။

ဌေးဌေးလှိုင်