သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၄)ဦးထပ်မံတွေ့ရှိရပြီးလူနာ(၂)ဦးထပ်မံသေဆုံး

သီပေါ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ယမန်နေ့က ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိကြောင်းနှင့် လူနာ(၂)ဦးထပ်မံသေဆုံးကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၈)ဦးအား COVID-၁၉ Antigen RDT  Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ(၄)ဦးတို့တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်း၊ အဆိုပါပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ  သီးသန့်ကုသကြပ်မတ်ဆောင်(Isolation Ward)တွင်   ဆေးကုသနိုင်ရေး ဆောင်ရွက်ထား ရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်သူများအား Home Quarantine ထားရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင်စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၃၈၉)ဦးရှိပြီး၊ သေဆုံးသူ(၈၁)ဦးရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ (၉၀)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)