တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျှော့ပါးသက်သာလာစေရန် အသိပညာပေးနှိုးဆော်မှုများပြုလုပ်

တောင်သာ စက်တင်ဘာ ၂၄

မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုများလျှော့ပါးသက်သာလာစေရန်၊ အကောင်းဆုံကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန်ရည်ရွယ်၍  ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် တန်းမြင့်ကျောင်း ရပ်ကွက် သို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။

 

အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါလျော့ပါးသက်သာစေရန်အတွက် ကျန်မာရေးဦးစီးဌာနသို့ သွားရောက် ပြသရန်၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ၊  ဆီးချိုရောဂါ၊  အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ  ကိုယ်ခံ အားနည်းတဲ့ သူတွေအတွက်  ပိုပြီးအန္တရာယ်များကြောင်းနှင့် ရောဂါ အကောင်းဆုံး ကာကွယ်ဖို့နည်းလမ်းတွေ ကတော့ စနစ်တကျ လက်မဆေးပဲမျက်စိ၊နှာခေါင်း၊ ပါးစပ် တို့ကိုလက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊တက်နိုင် သလောက် မိမိလက်နဲ့ မျက်နှာကို မထိတွေ့စေဖို့သတိပြုပါ၊  သန့်ရှင်းလက်ဆက်တဲ့  အစားအစာကိုရွေးချယ် စားသုံး ပါ၊  အစား အသောက်များကို ကျက်အောင်ချက်ပြုတ်စားသုံးပါ    ကျန်းမာရေး ဝန်ကြီးဌာနက   အချိန်နဲ့တပြေးညီထုတ်ပြန်တဲ့ ညွှန်ကြား ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း နှိုဆော်ခဲ့ကြောင်းသိရသည်။

         

တောင်သာမြို့နယ်  ရပ်ကွက်များသို့  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးမှူးဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ချင်းတိုင်းရင်းသားဘာ သာစကားဖြင့်လည်း ပြည်သူများအတွက် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)