ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန် စကောကရင် ဘာသာနှင့် ပိုးကရင်ဘာသာ (၂)မျိုးဖြင့် လိုက်လံအသိပေးနှိုးဆော်

ပန်းတနော်  စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်​မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးပန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာဆောင်ရွက်ကြရန်အတွက်( စကောကရင် ဘာသာ)နှင့် (ပိုးကရင် ဘာသာ) နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တော်တရလေးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌ သာနေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကိုစနစ် တကျတပ်ဆင်ကြရန်၊လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့်(၂၀) ကြာအောင်စနစ် တကျဆေးကြောကြရန်၊ မိမိတို့၌ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန် စသည့်အချက်များကို စကောကရင်ဘာသာနှင့် ပိုးကရင်ဘာသာ နှစ်ဘာသာအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။ ပန်းတနော်မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူအများစုသည် ကရင်လူမျိုးများနေထိုင်ကြသော မြို့ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)