ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂၄
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက် ပြန့်နှံ့နေမှု အခြေအနေအရ ကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြိ့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဦးစီးမှူးနှင့် ဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး လမ်းနှင့် လမ်းဆုံနေရာ မြို့လယ်လမ်းဆုံနေရာများ ယာယီပျံကျဈေးသို့ သွားရောက်ပြီးကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် ပြန်ကြားချက်များ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထား သည့် ပြည်သူများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းသတ်မှတ် ချက်များအား ပြည်သူများအနေဖြင့် သိရှိလိုက်နာ နေထိုင်နိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်ခြင်း အသိညာပေးကြေညာပေး လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး