ပလောက် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးမ ထိုးနှံရသေးသော ပြည်သူများအား (ပထမအကြိမ် ) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ လ(၂၄)ရက်နေ့ နံနက်(၈:၀၀) နာရီအချိန် တွင် မြို့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကျောက်တောင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးမထိုးနှံရ သေးသော ရဟန်း သံဃာများနှင့်ပြည်သူ(၇၅၀)ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင် ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုး မှတ်တမ်းရေးသွင်းခြင်းများဆောင်ရွက်ပေးပြီး ၊ ကျန်းမာရေး ကောင်းမွန်သူများ အား ကိုဗစ်-၁၉ရောဂါ ကာ ကွယ် ဆေး (Sinopharm )ကို စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့ က လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
နှင်းမြူလွင် (ပလောက်)