ညောင်ရွှေ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ လက်ကိုင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကိုင်အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ပြီး တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရေး၊ အပြင် ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး၊ အခြားသူများနှင့် ခြောက်ပေ အကွာ ခပ်ခွာခွာနေထိုင်ရေး၊ လူစုလူဝေး ပြုလုပ်ခြင်း ရှောင်ကြဉ်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သတ်မှတ်ဆေးထိုးစုရပ်များတွင် ထိုးနှံနိုင်ရေးတို့ကို အသိပညာပေးတိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်