နတ်မောက် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ စျေးရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၃) ဦးအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက စျေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့်ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုးအဘွားများလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ခဲ့ရာတွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုး (၇)ဦး နှင့် သက်ကြီးအဘွား (၂၆)ဦး တို့အတွက် နိုင်ငံတော်မှတစ်လလျှင် ငွေကျပ် (၁၀၀၀၀) ကျပ်နှုန်းဖြင့် (၃) လတစ်ကြိမ် ထောက်ပံ့ ပေးခြင်းဖြစ်ပြီး စျေးရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၃)ဦးတို့အတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၉၉၀၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
လှဝင်း