ခင်ဦးမြို့နယ်၌ ထင်းတစ်ချောင်းထိုး မီးဖိုများ အခမဲ့ဖြန့်ဝေ

ခင်ဦး ၊ စက်တင်ဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ထင်းလောင်စာလျော့ချသုံးစွဲရေးအတွက် စက်တင်ဘာလ ၂၃ ရက်နေ့က မကျီးတုံကျေးရွာနှင့် တံတားဦး ကျေးရွာ များသို့ သွားရောက်ပြီး ထင်းတစ်ချောင်းထိုး မီးဖိုများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

ထင်းလောင်စာ (၄၀) ရာခိုင်နှုန်း ပိုမိုသက်သာသော ထင်းတစ်ချောင်းထိုး စွမ်းအားမြင့် အေဝမ်းမီးဖို များကို စက်တင်ဘာလ ၂၂ ရက်နေ့က ကျွန်းပင်ကန်ကျေးရွာတွင် (၇၂) လုံးဖြန့်ဝေပေးခဲ့ပြီး ၂၃ ရက်နေ့က  မကျီးတုံ ကျေးရွာတွင် (၄၇၀) လုံး၊ တံတားဦးကျေးရွာတွင် (၃၂) လုံး တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ဆက်လက်ပြီး ရုံးပင်ကျေးရွာကိုလည်း မီးဖိုအလုံးရေ (၂၆၀) လုံးအား အခမဲ့ ဆက်လက်ဖြန့်ဝေ ပေးသွားမှာ ဖြစ်ကြောင်း မြို့နယ်တာဝန်ခံ ဦးစီးအရာရှိထံက သိရသည်။

 

စိုးဝေအောင်(ခင်ဦး)