ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ အားကျန်းမာရေးအသိပညာပေးနှိုးဆော်

ကျောက်တလုံးကြီး     စက်တင်ဘာ       ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအားသိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့နံနက် ၈ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက Hand Speaker ဖြင့် ကျောက်တလုံး ကြီးမြို့ပေါ်ရပ်ကွက်လမ်းမများတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးနိုးဆော်ရာတွင် ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်၁၉-ရောဂါကာ ကွယ်ရန်အတွက်တတ်နိုင်သမျှ မိမိအိမ်တွင်နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိကလည်းအခြားသူထံသွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအိမ်ပြင်ထွက်ပါက နှာခေါင်းစည်း(Mask) မပျက်မကွက်တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ လူအချင်းချင်းပြောဆိုရာတွင် ခြောက်ပေအကွာမှပြောဆိုကြရန်၊ အရာဝတ္တုတစ်ခုခုကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်းလက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းမှရှောင်ကြဉ်ရန်၊ အများတကာနှင့်တွေ့ဆုံတိုင်း၊ အပြင်ကပြန်လာတိုင်း ပါးစပ်နှာခေါင်းစည်း(Mask)ကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်၍ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီအိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ သက်ကြီးရွယ်အိုများနှင့်ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်မိပါက ဝေဒနာပြင်းထန်းစွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်ရှိလမ်းမများတွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို လိုက်လံနိုးဆော်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီး(ပြန်/ဆက်)