ပန်းတောင်းမြို့၌ အသက်(၅၅) နှစ်နှင့် အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ပန်းတောင်း စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက် ရှိရာ ပန်းတောင်းမြို့နယ်တွင် အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်း သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က(ပန်းတောင်း)၊ ရွှေပင် (ဓမ္မာရုံ)၊ အထက(သူရဲတန်း)၊ ဖရုံကား(ဘုန်းကြီးကျောင်း)တို့တွင် ဆေးထိုးစုရပ်(၄)ခုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်​ဆေး ထိုးနှံ​ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်း ကူညီဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)