မိုးနဲမြို့၌ အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆက်လက်ဆောင်ရွက်

မိုးနဲ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိထိရောက်ရောက် ကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အချိန်နှင့် တစ်ပြေးညီထိုးနှံပေး လျက်ရှိရာ  ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပြီးသူများကို အုပ်စုအလိုက် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံ‌ပေးလျက်ရှိပြီး ယနေ့‌နေ့လည် ၁နာရီအချိန်တွင်လည်း မြို့နယ် ကမ္ဘောဇခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြ‌‌ကြောင်းသိရသည်။

ရှေးဦးစွာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(SINOPHARM) ထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့(volunteer)များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်‌‌ရေး ဥက္ကဋ္ဌဦးဝင်းမြင့်မှလည်းလာရောက်၍ ဆေးထိုးနှံသူ ပြည်သူများကို အားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၆ပေအကွာတွင် ထိုင်စေခြင်း၊ စာရင်းသွင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်း‌ပေးခြင်းနှင့် သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီးနောက် စနစ်တကျ ဝင်ရောက်ထိုးနှံ စေခြင်း၊ စသည်တို့ကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြရာ ယနေ့တွင်လည်း လျာထားအလုံးရေ ၆၀ ကို တစ်လုံးလျှင် ၅ယောက်နှုန်းဖြင့် လူဦးရေ ၃၀၀ ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

ဇင်ကိုကို(ပြန်/ဆက်)