မြန်အောင် စက်တင်ဘာ ၂၄
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီးပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ရဟန်းသံဃာတော်များ ၊ သီလရှင်များ ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ ၊ မသန် စွမ်းသူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံလုပ်သားများစသည့် ဦးတည်အုပ်စုများကို ဆေးထိုးစုရပ် (၁၀) နေရာသတ်မှတ်၍ ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရှိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုး နှံသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန် ခြင်းများကိုဆောင်ရွက်ပေး၍ ပုံမှန်အခြေအနေရှိမှသာ ထိုးနှံပေးလျက် ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်၊ ပြန်ဆက်)