မိုးနဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

မိုးနဲ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်‌ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်ကကြည်ရှုအားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးစိုင်းမြစိုးလှိုင်က နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် အသက် ၁၀ နှစ်ပြည့်၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား များဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူ ပြည်သူများအား ပန်းခင်း စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ထုတ်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်း  အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ မိုးနဲမြို့နယ်အနေဖြင့် ရပ်ကွက်ကျေးရွာ များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည့် အပြင် ခက်ခဲသည့်‌ကျေးရွာများရှိပြည်သူများအား မြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား များ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ဆောင်ရွက်‌ပေးနေမှုကို ပြည်သူများက ပိုမိုသိရှိလာပြီး ဌာန၏ဆောင်ရွက်ချက်များအပေါ်  ပူးပေါင်းပါဝင်မှုများ တိုးတက်လာနိုင်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)