မလှိုင် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်သို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ၊ Quarantine ဝင်ရောက်ပြီး သတ်မှတ်ရက် ပြည့်သူများ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ (၁၁၇) ဦးအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ ( RDT Test Kit ) ဖြင့် ယမန်နေ့ညနေက ပြည်သူ့ဆေးရုံနှင့်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ (၃) ခုတို့တွင် စစ်ဆေးခဲ့ရာ ကိုဗစ် အတည်ပြုလူနာ (၄) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က မြို့နယ် ပြည်သူ့ဆေးရုံတွင် (၅) ဦး စစ်ဆေးခဲ့ရာ(၂) ဦး၊ ကျောက်တန်း တိုက်နယ် ဆေးရုံတွင် (၅) ဦး၊ ဆည်တိုတိုက်နယ်ဆေးရုံတွင်(၃ဝ) ဦးတို့မှာ ပိုးမတွေ့ရှိဘဲ နှောကန်တိုက်နယ်ဆေးရုံတွင် စစ်ဆေးသည့်(၇၇) ဦးတွင် (၂) ဦး၌ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ဆေးရုံမှ ပိုးတွေ့လူနာ(၂) ဦးမှာ တောင်သာမြို့နယ်မှ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ နှောကန်တိုက်နယ် ဆေးရုံမှပိုးတွေ့လူနာ (၂) ဦးမှာ သဖန်းကန်ကျေးရွာမှ အမျိုးသား(၁) ဦး၊ နှောကန်ကျေးရွာမှ အမျိုးသား(၁) ဦးတို့ဖြစ်သည်။ ပိုးတွေ့လူနာများကို သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြား ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်းသိရသည်။
မလှိုင်မြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း(၆၇ဝ)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၆၂၆) ဦး၊ သေဆုံးသူ(၁၃) ဦးရှိပြီး Positive Center တွင် တက်ရောက်နေသူ(၃၁) ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)